Pages

Thursday, June 26, 2014

win8 Exam (70-687) self-study ဖြေဆိုချင်သူများအတွက်

win8 Exam self-study ဖြေဆိုချင်သူများအတွက် ယခုပေးထားသော VCE နဲ့

http://www33.zippyshare.com/v/44536615/file.html
http://www33.zippyshare.com/v/30610718/file.html
http://www33.zippyshare.com/v/16262857/file.html



win8 အတွက် Training Guide Ebook ကို ဒေါင်းယူပြီး exam အတွက် ပြင်ဆင်နိုင်ပါတယ်
http://it-ebooks.info/book/2521/



ဒီ Link ကတော့  Training Video တွေများ ပို့ချပေးနေတဲ့ CBT Nuggets ပါ 
70-687 သီးသန့် video ပါ 

http://www.cbtnuggets.com/it-training-videos/course/windows-8-70-687/10739

အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

HDD အသက်ကယ်ဆေး ၂

 HDD ပေါ်ရှိ Bad Sector များကို repair & recover လုပ်ပေးတဲ့ software ပါ အလွန်ကို ကောင်းပါတယ် services သမားများအတွက် မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ မိမိအသုံးပြုနေသော HDD တစ်လုံး၏ သက်တမ်းကြာလာသည်နှင့်အမျှ လုပ်ဆောင်နိုင်သည့် Performance တွေလည်း  လျော့ပါးလာတတ်ပါ သည်။အဓိက အရေးကြီးတာက မိမိ သိမ်းဆည်းထားသော Data များကို ပြန်လည်ရယူနိုင်ဖို့သာဖြစ်ပါ သည်။Recovery လုပ်သည့်အချိန်တွင် data တွေပြန်မရဘူးဆိုတာတွေသည် bad sector များပေါ်တွင် data များ သိမ်းမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိအသုံးပြုနေသော hdd များကို ယခုကဲ့သို့ software များအသုံးပြု၍ ထိန်းသိမ်းနိုင်ပါစေ။ အသုံးပြုရ လွယ်ကူစေရန်အတွက်လည်း serial number တစ်ခါတည်း ထည့်သွင်းပေးထားပါတယ် ။

ဒေါင်းလုပ်လုပ်ရန်




အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

Win8 မှ win + ( key) များ

win8 အတွက် win + (key) တွေ ကို သီးသန့်ထုတ်ပေးလိုက်ပါတယ်
key တွေကို စမ်းကြည့်ရင်းနဲ့ win8 ရဲ့ view အသစ်တွေ အဆန်းတွေကို ခံစားနိုင်ကြပါစေ


Win – toggles between Start screen and (classic) Windows desktop
Win + B – Switch to the (classic) Windows desktop, select the tray notification area
Win + C – Display Charm Bar
Win + D – Open classic Windows desktop
Win + E – Opens Windows Explorer with Computer view displayed
Win + F – Metro File browser and search tool
Win + H – If an app can “share” this will open the Share panel

Win + I – Displays Settings panel; this is contextual, enabling a change of settings for the current app, as well as changing volume, selecting wireless networks, adjusting the brightness and shutting down the computer

Win + J – Switches between snapped Metro applications
Win + K – Open Devices panel (alters display output options)
Win + L – Locks PC
Win + M – In desktop view, this minimizes all Windows
Win + O – For tablets and convertibles/hybrids this locks the device orientation
Win + P – Choose between available display devices
Win + Q – Opens Apps screen and search tool
Win + R – Jumps to the classic desktop and displays Run box
Win + U – Switch to the (classic) Windows desktop and launch the Ease of Access Center

Win + V – Cycles through toasts
Win + W – Displays Windows 8 Settings screen with search tool
Win + X – Opens Start menu (more on that later…)
Win + Y – Gives a temporary peek at the desktop
Win + Z – Opens the App Bar for the current Metro application
Win + Page Up / Down – Moves tiles to the left / right
Win + Tab – Opens the Metro application switcher menu, switches between applications

Win + , (comma) – Aero Peek at the desktop
Win + . (period) – Snaps the current Metro application to one side of the screen (Right side)

Win + Shift + . (period) – Snaps the current Metro application to the other side of the screen (Left side)

Win + Space – Uses this to switch input language and keyboard layout
Win + Shift + V – Cycles through toasts in reverse order
Win + Enter – Launches Windows Narrator
Win + Arrow Keys – Switches to the classic desktop and enables Aero Snap
Ctrl + Shift + Esc – Launches Task Manager

win8 နဲ့ ရင်းနှီးပြီး Feature အသစ်များကို ခံစားနိုင်ကြပါစေ :) :)

Andriod Games များကို PC အတွင်း ဆော့နိုင်အောင် ဖန်တီးခြင်း


ဒါလေးကတော့ မိမိ ကွန်ပျူတာစက်အတွင်းမှာဘဲ andriod games များကို ဆော့နိုင်ပါတယ်
မိမိကြိုက်နှစ်သက်ရာ  adriod games များကို (.apk ) Right Clilck> Open With> blue stack apk handler လေး လုပ်ဆောင်ပြီး ကြိုက်နှစ်သက်ရာ ဂိမ်းများကို ဆော့နိုင်ပါတယ်

ဒေါင်းလုပ်

လေးစားသော ICT နည်းပညာရပ်အတွက် အကြံပေးဆွေးနွေးခြင်း

windows7 ကိုသုံးနေတဲ့သူများကို တစ်ခုလောက်အကြံဥာဏ်ပေးချင်တာပါ  ဆရာလုပ်ခြင်းမဟုတ်ပါ။
ခုဆို windows 8 ဆိုတာ ထွက်ပေါ်လာပါပြီ အသုံးပြုသူက ကွန်ပျူတာနဲ့ပတ်သက်ပြီး အနည်းအကျဉ်းသိထားသူဖြစ်မယ်ဆိုရင် အစမ်းသုံးစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုရင် ခုမြန်မာနိုင်ငံတွင် softwares တွေအတွက် licence ဆိုတာ ဘာမှမသိသေးတာပါ ကြိုက်တဲ့အခွေကို ၀ယ် တစ်ခွေ တစ်ထောင် ငါးရာ အစသဖြင့်ပေါ့ တစ်ချို့လည်း လိုင်စင်နဲ့ သုံးသူရှိမှာပါ အများစုကတော့ နီးစပ်ရာ ဆိုင် သူငယ်ချင်း/ မိတ်ဆွေတွေဆီက ကူးပြီး အသုံးပြုကြတာများပါတယ်ပြောချင်တာက ဒါက မြန်မာနိုင်ငံက windows ဖြစ်စေ software ဖြစ်စေ တစ်ခြားသူတွေထက် ပိုပြီးလေ့လာခွင့်ရနိုင်တဲ့ အားသာချက်လို့ ပြောလို့ရပါတယ် ဒါကို အားသာချက်ပြောလို့ သူခိုးအားပေးလို့ ပြောရင်လည်း ခံရမှာပါဘဲ ဘာလို့လည်းဆိုရင် လိုင်စင်ဆိုတာကို ဒိမှာတရားဝင် ဈေးကြီးလို့ မ၀ယ်သုံးနိုင်ပါ ခုစာရေးသူကိုယ်တိုင်လည်း မသုံးနိုင်ပါ။ ကဲပါ လိုင်စင်အကြောင်းပြောရင်းနဲ့ လိုရင်းပျောက်တော့မယ် :P


ဖြစ်နိုင်ရင် windows 7ကနေ windows 8 ကို Upgradeလုပ်ကြည့်ပါ windows 8မှာ features အသစ်တွေပါလာပါတယ် ကိုယ်က အလကားသုံးရတာဘဲ သုံးကြည့်ပါ ခုဆို windows 8.1 preview တွေတောင် ထွက်နေပါပြီ windows 8 က သုံးရတာ အားလုံးအဆင်ပြေပါတယ် games တွေ software တွေရော အဆင်ပြေပါတယ် ( တစ်ချို့ အဆင်မပြေသူများလည်း errorများကို ဆွေးနွေးနိုင်ပါတယ်) သူမှာ အဆင်မပြေတာက user တွေနဲ့ သိပ်မရင်းနှီးတဲ့ design ဖြစ်နေတာလေးတစ်ခု/ နောက်တစ်ခုက .Net Error လေးကျတာပါ ခုစာရေးသူကိုယ်တိုင်လည်း ဒီ error အတွက် windows8 ကိုအရင်က တော်တော်လေး စိတ်ပျက်ခဲ့မိပါတယ် ဘာ software သုံးသုံး .Net ကို Install လုပ်ခိုင်းပါတယ် အင်တာနက်က ဒေါင်းပြီးလုပ်လည်း မရဘူးချည်းပြောနေတော့ နောက်တော့ ဒီ error ကိုလည်း ( .Net Error ကိုဖြေရှင်းခြင်း တွင်ကြည့်ရှုကြည့်ပါ) ဖြေရှင်းလို့ ရသွားပါတယ် ဒီ error ဖြေရှင်းပြီး နောက်ပိုင်း တစ်ခြား softwares တော်တော်များများလည်း အသုံးပြုနိုင်ပါတယ် ဒီအတွက် သုံးကြည့်ပါ ကိုယ်စက်က အိမ်သုံးစက် (Personal Computer)ဖြစ်မယ် server နဲ့မချိတ်ဆက်ထားဘူးဆိုရင်တော့ windows 8ကို အသုံးပြုစေချင်ပါတယ် စာရေးသူရဲ့ ကျေးဇူးရှင်ဆရာ တစ်ယောက် (UAZM) ပြောဖူးတာလေး သတိရမိပါတယ် မြန်မာနိုင်ငံ ကသူများတွေထက် တစ်ခြားအရာတွေမှာ အားလုံးနောက်ကျချင်နောက်ကျလိမ့်မယ် နည်းပညာ ( ICT Technology )နဲ့ ပတ်သက်ရင်တော့ ဘယ်တော့မှ မနောက်ကျဘူးဆိုတဲ့ စကားလေးတစ်ခွန်း သိပ်ကို တန်ဖိုးရှိပြီး အားတက်ဖို့ကောင်းပါတယ်

အနှစ်ချူပ်ပြီးပြောချင်တာကတော့ Windows 8 ကဲ့သို့ တစ်ခြားနိုင်ငံများက ကောင်းနိုးရာရာ Software များကို Crack သုံးနိုင်တဲ့အချိန်လေးမှာ များများလေ့လာပြီး ရရှိလာတဲ့ Error များကို Facebook Groupများ မြန်မာ ICT websites များတွင် sharing လုပ်ရင်းဖြင့် မြန်မာနိုင်ငံမှ ICT သားများအားလုံး နည်းပညာများ အစဉ်တစိုက်တိုးတက်နိုင်ပါစေလို့ ဆုတောင်းလျက်

အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

Create Many Folder with Bat

ဒီ bat file ကတော့ folder 1000 ကိုဆက်တိုက် ပွားပေးတာဖြစ်ပါတယ် ။
သိပြီးသား ဖြစ်နေသူများအတွက်လည်း တစ်ခြား bat file များကို sharing လုပ်စေချင်ပါတယ်

Run> notepad ကိုခေါ်လိုက်ပါ အောက်က ပေးထားတာလေး copy ကူးလိုက်ပါ ပြီးရင် Save လုပ်ပါ Save လုပ်ရာတွင် .bat နဲ့ ပေးပါ

@echo off
:top
md %random%
goto top

ပုံလေးနဲ့ တစ်ကွ ဖြော်ပထားပါတယ်

run ပြီးရင် ကိုယ့်ရဲ့ desktop မှာ Folder တွေ အများကြီး Create လုပ်သွားပါလိမ့်မယ် မလုပ်ခင်တော့ မိမိစက်လေးသွားတာကို သတိထားမိပါ့လိမ့်မယ်
 

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး

၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။

၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။

၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။

၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။



၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ်က စတွက်ပါ။မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင် ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။

၇။ ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့
ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။

၈ ။ အ၀တ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မ၀တ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ၀တ်ပါ။

၉။ ကျွန်တော်အချိန်ယူလေ့လာထားတဲ့ငွေရအောင် လုပ်နည်းနဲ့ လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်နည်းတစ်ချို့ကတော့-
(က) အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။
(ခ) ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။
(ဂ) လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ဘူးခင် သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။
(ဃ) လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။
(င) ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။
(စ) လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာမြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့.နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကိုသိမ်းထားပါ။

၁၀။ ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲဆိုတာ စမ်းသပ်ချင်ရင် ခင်ဗျား မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်ဟာ အကောင်းဆုံးပဲ။

၁၁။ လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။

၁၂။ လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ၀ယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်ဖက်တာမျိုးဆိုရင် သူအမြတ်တနိုးရှိနေပါ လိမ့်မယ်။

၁၃။ အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။

၁။ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
၂။ အမြင်ကြည်လင်အောင်လုပ်ပါ။
၃။ ရူးသွပ်ပါ။
၎။ စွဲလန်းပါ။
၅။ ဘယ်တော့မှ အလျော့မပေးပါနဲ့။
၆။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။


အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်